Monday, July 22, 2013

Pattern Lock & Password ကိုကျော်ဖြတ်ကြရအောင်

Pattern Lock & Password ကိုကျော်ဖြတ်ကြရအောင်

ကဲ အရင်ဆုံး ကျွန်တော်ကတော့ Samsung crazy ဆိုတော့ Note2 & Galaxy Grand မှာ စမ်းထားပါတယ်။ မှတ်ချက် ။     ။ root access ရှိရပါမယ်၊ usb debugging on ထားရပါမယ်။ 
အခုစလိုက်ကြရအောင်ဗျာ
                                 
ကျွန်တော် screen ကို password နဲ့ ပိတ်လိုက်ပါပြီ။ စက်ထဲမှာ adb tools file မရှိရင် အရင်ဒေါင်းလိုက်ပါဦးခင်ဗျ။
 Download => http://www.mediafire.com/download/tmu7husbuz904s2/adb_tools%282%29.rar

    

ပြီးရင် zip ဖိုင်ကို ဖြည်ချလိုက်ပါခင်ဗျာ။ adb tools folder ထဲဝင်ပြီးတော့ လွတ်တဲ့နေရာမှာ shift + right click ကို နှိပ်ကာ open command windows here ဆိုတာကိုနှိပ်လိုက်ပါခင်ဗျာ။






ကဲဒါဆို စကြမယ် ။ အရင်ဆုံး driver သိမသိစမ်းလိုက်ရအောင်
adb devices     ဆိုပြီးရိုက်လိုက်ပါ။


ဒါဆို စက်က သိသွားပါပြီ။  ထပ်ပြီးတော့ adb shell လို့ရိုက်ထည့်လိုက်ပါ။ ပြီးရင် permission တောင်းဖို့အတွက် su ဆိုပြီးရိုက်လိုက်ပါ။  တခုရှိတာက adb shell ကို အရင်က permission ပေးထားဘူးရင် ပြဿာနာမရှိဘူးဗျ။  မဟုတ်ရင် အလွယ်နည်းကတော့ 91 pc suite ကို ဖွင့်လိုက်ပါ ။ screen lock ခဏပွင့်သွားပြီး root access တောင်းတာကို permisssion ယူထားလိုက်ပါ။
ဒါဆိုရင်အောက်ကပုံကိုကြည့်လိုက်ပါ ။ su ကို permission ပေးပြီးသွားပါပြီ။


rm /data/system/password.key;id     လို့ ရိုက်လိုက်ပါ။ ဒါဆိုရင်မေးလိမ့် မယ် vlaue တန်ဖိုးအတွက် ကျွန်တော်က ထည့်လိုက်ပါတယ်။
rm /data/system/password.key;id=0  လို့ရိုက်လိုက်ပါ။


  
 ဖုန်းအား power key တချက်နှိပ်ကြည့်လိုက်ပါဦး  ။ လူကြီးမင်းဧ။် လော့မရှိတော့ပါဘူးခင်ဗျာ။



ကဲနောက်တစ်ခု အခု ကျွန်တော်ဖုန်းအား pattern lock ထပ်ချလိုက်ပါပြီ။


  ကဲအပေါ်ကအတိုင်းဘဲ ဖုန်းကို ကြိုးချိတ်ပြီးတော့ တဆင့်ချင်းရိုက်သွားလိုက်ပါခင်ဗျာ
adb devices     -  driver သိမသိ
adb shell        - shell ထဲကို သွားပါမယ်။
su       - permission တစ်ကြိမ်ပေးထားတဲ့အတွက် ဆက်လုပ်သွားပါမယ်။
rm /data/system/gesture.key     - လို့ရိုက်လိုက်ပါခင်ဗျာ။







ကဲဒါဆိုရင် ဖုန်းကို power key တချက်နှိပ်ပြီးကြည့်လိုက်ပါ။ pattern lock တော့ကျန်သေးပါတယ်။ ဒါပေမယ့် ကြိုက်တာနှိပ်လိုက်ပါ ပွင့်သွားပါမယ်။



 
ကဲပြီးဆုံးသွားပါပြီခင်ဗျာ။  ဆရာကြီးတွေအတွက်ကတော့ ရယ်ချင်ရယ်လိမ့်ပါမယ်ခင်ဗျာ။ ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်စမ်းပြီးတော့ မသိသေးသူများအတွက်ရည်ရွယ်ပါတယ်။

Monday, July 15, 2013

နားကြပ် အန္တရာယ်

နားကြပ် အန္တရာယ်

ဤလောကတွင် လူတို့အသုံးပြုလျက် ရှိသော လူ့အသုံး အဆောင် ပစ္စည်းတို့သည် နေရာ တိုင်း၌ အသုံးချရန် မသင့်သည်ကို ကျွန်ုပ်တို့ သတိပြုတတ်ဖို့ လိုအပ်လှပါပေသည်။ လူ့အသုံး အဆောင် ပစ္စည်းများကို သူ့နေရာနှင့်သူ စနစ်တကျ အသုံးပြုတတ်ပါမှ အကျိုးဖြစ်ထွန်း နိုင်ပေမည်။
မိမိ၏ မဆင်မခြင် တလွဲအသုံးပြုသော အကြောင်းအရာများက မိမိကိုဥပဒ်ရောက် စေသလို၊ သူတစ်ပါးကိုလည်း ထိခိုက်နစ်နာ ဆုံးရှုံးစေ တတ်ပါသည်။။

သီချင်းနားထောင် နေကြသော လူငယ် အတော်များများတို့သည် လမ်းသွားရင်း၊ ကားမောင်း ရင်းနှင့်ပင် နားကြပ်ကို တပ်ပြီး ပြုဆောင်နေကြသူ အတော်များများကို တွေ့မြင်နေရပါသည်။ ဤသည်မှာ အန္တရာယ်ကို ဖိတ်ခေါ်နေသလို ရှုမြင်ရပါ လေသည်။

စာရေးသူသည် ရုံးလုပ်ငန်း တာဝန် တစ်ခုဖြင့် မြို့ထဲသို့ ကားစီးလာစဉ် လူငယ် တစ်ယောက်သည် နားကြပ်ကို တပ်ပြီး သီချင်း (Music)ကို ခံစားနေလေသည်။

သူ့အာရုံက သီချင်းတွင် နစ်မျော၍လား မသိ။ မော်တင် ကမ်းနားလမ်း မျဉ်းကျားမှာ လမ်းဖြတ် ကူးနေရာ ကားထဲမှ လူကိုလည်း မကြည့်၊ ကားဟွန်း တီးသံကိုလည်း ဂရုမပြု၊ ကားသမားများ အဖို့ အတော်အခက် တွေ့ကြလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်မိပါ၏။

မကြာပါချေ။ ထိုလူငယ်အား အငှားယာဉ် တစ်စီးဖြင့် ပွတ်တိုက်မိသလို ဖြစ်သွားပါတော့၏။ ဒီတော့မှ ထိုလူငယ်က ကြောက်အား လန့်အားဖြင့် ယာဉ်မောင်းအား ''ဒီမှာ လူသွားနေတယ်၊ မတွေ့ဘူးလား'' ပြောလေသည်။ မျဉ်းကျားကူးသည်၊ မှန်ပါ၏။ သို့သော် ဘယ်သူမှားသည်၊ မှန်သည်ကို စာဖတ် ပရိသတ်တို့ စဉ်းစား ကြည့်ပါလော့။

နောက်ထပ် စမ်းချောင်း မြေနီကုန်း မီးပွိုင့်က အဖြစ်အပျက် တစ်ခုမှာ ယာဉ်မောင်းလာသော မိန်းကလေး တစ်ဦး ဖြစ်လေသည်။ ကိုယ်ပိုင်ယာဉ် ဖြစ်ပါ၏။ ထိုယာဉ်မောင်း မိန်းကလေးမှာ နားကြပ်ကို တပ်ပြီး သီချင်း နားထောင်ရင်း ကားမောင်းလာသူဟု ဆိုရပါမည်။ မီးပွိုင့်မီးနီကို ကားများ ခေတ္တနားနေခိုက် မီးစိမ်း ပြသည်ကို အာရုံမထားမိခင် သီချင်းမှာ နစ်မျောနေသည် ထင်ပါ၏။ နောက်ပါကားများက ဟွန်းသံ အဆက်မပြတ် တီးမှ ကမှူးရှူးထိုး ကားကို မောင်းထွက် သွားသော်လည်း နောက်တကြော မီးဝါပြန်၊ အမြန်ထွက်မိရာ တစ်ဖက်မှ လူကို တိုက်မိတော့မည့် အနေအထား ဖြစ်ပြီး ရှောင်ရာမှ ကားကားချင်း ပွတ်မိသည့် ပြဿနာဖြင့် ရင်ဆိုင်ခဲ့ ရဖူးလေသည်။

တနင်္ဂနွေ တစ်ရက်မှာ စာရေးသူ စာပေရေချမ်းစင် တာဝန်ကျ၍ ပန်းဆိုးတန်း ရန်ကုန်-ဒလဆိပ် ကမ်း၌ တာဝန်ထမ်း ဆောင်စဉ် ပြည်တွင်း ရေကြောင်းခရီးသည် ပို့ဆောင်ရေး မန်နေဂျာကြီးနှင့် စကားလက်ဆုံ ကျမိရာမှ နားကြပ် အသုံးပြုသူများ အကြောင်း ပြောမိကြရာ မန်နေဂျာကြီးက မေလတတိယ ပတ်လောက်က (၂၅/၂၆)နှစ်အရွယ် တွံတေးက ကလေး မလေးကားတိုက်ခံ ရပုံကို ရှင်းပြရာ ထိုကလေးမလေးမှာ နားကြပ်ကို တပ်ထားပြီး မီးနီမကူးရန် မီးပြသည်ကို မကြည့်ဘဲ သီချင်းနားထောင်ရင်း လျှောက်လာရာ၊ ကမ်းနားလမ်း ကုန်တင် ယာဉ်ကြီးလိုင်း ၁ဝ ဘီးကားကြီး တစ်စီးမှာ ကုန်အပြည့်ဖြင့် မရှောင်သာဘဲ ဝင်တိုက်မိရာ ပထမ နောက်ကြည့်မှန်ဖြင့် ရိုက်မိ မှောက်လဲကျရာမှ ကျုံးပြီးပြန်အထ နောက်ဘီးဖြင့် ထပ်ကြိတ်မိပြီး သေဆုံး သွားခဲ့ကြောင်း ရင်နင့်ဖွယ်ကြား သိရပါလေသည်။

အမှန်တကယ်တော့ နားကြပ်သည် လူသားတို့ အတွက် အသုံးအဆောင် ပင်ဖြစ်သော်လည်း သူ့နေရာနှင့်သူ စနစ်တကျ အသုံးမပြုကြဘဲ တလွဲ အသုံးပြုခြင်းကြောင့် အသက်ပါပေးဆပ် သွားကြရသည့် သာဓကများစွာ ကိုလည်း ကြုံမိကြ ရပါပေသည်။

သူ့နေရာနှင့်သူ စနစ်တကျ အသုံးပြု ဆောင်ရွက်ကြမည် ဆိုပါလျှင် နဘယံဘေး မရှိနိုင် ကြောင်း လေ့လာ တွေ့ရှိကြရ ပါပေသည်။ နားကြပ်တပ်ပြီး သီချင်း နားထောင်ရင်း အခြား အလုပ်ကို လုပ်ကြမည် ဆိုလျှင် လုပ်ငန်းလည်း မတွင်ကျယ် နိုင်သလို၊ လုပ်ငန်းအပေါ် ထားသည့် အာရုံစူးစိုက်မှု အားနည်းခြင်းကြောင့် အလုပ် မဖြစ်နိုင်သလို၊ အလုပ်ပြီးမြောက်ခြင်း မရှိဖြစ် ပါပေမည်။ ဇိမ်ခံပစ္စည်း အမျိုးအနွယ် ဖြစ်သော သီချင်း နားထောင်သည့် ဤနားကြပ် ကို အားလပ်သော အချိန်၊ အေးချမ်းစွာ နားနေချိန်တို့မှာ အသုံးပြုပါလျှင် ဤကဲ့သို့ အန္တရာယ် များမှ ကင်းဝေး ပါပေမည်။

ဘာမဟုတ်သည့် ထိုနားကြပ်အတွက် အသက်ကိုပါ ပေးခဲ့ရသော တွံတေးသူ ဘွဲ့ရပညာတတ် ကလေးမလေးကို စံနမူနာ ထားပြီး နားကြပ် အန္တရာယ်ကို ရှောင်ရှား နိုင်ကြစေရန် တန်ဖိုးကြီးသော လူငယ်များ အတွက် မလေလွင့်၊ မထိခိုက်၊ မနစ်နာရလေအောင် နားနေ ချိန်မှာ နားကြပ်ကို အသုံးပြုကြပါဟု တိုက်တွန်းရေးသား တင်ပြလိုက်ရပါ တော့သည်။ ။

http://www.myawady.com.mm/library/stories/storiesforall/item/19442-2013-07-13-11-22-40

သတင်းမှတ်စု-ရွှေတိုင်လွင်

Sunday, July 14, 2013

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်

ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေဗျား !!!

ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ ..

ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု




ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု

မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက် တစ်နေ ရာမှာ ရှိတဲ့ ကန်ကြီး တစ်ကန် အနီးက ကျောက်ဆောင်တွေကို ရိုက်ကူး ထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေ ဆဲဖြစ် ပါတယ် ။ ဒီပုံဟာ ရှုထောင့် တစ်ခု ကနေပြီး ကျောက်ဆောင်တွေပေါ် ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ ရိုက်ကူး ထားတာဖြစ် ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့ စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။
ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။
အခုပုံကို အတည့်အတိုင်း ထောင်ကြည့်လိုက်ပါ ။

အံ့သြဖွယ်ကောင်းလောက်အောင်ပဲ ဘုရားရှိခိုးနေတဲ့ ပုံလေးထွက်ပေါ်လာပါတယ် ။သဘာဝတရားကြီးက အံသြဖွယ်ရာကောင်းပါတယ် ။ ဒါဟာ ဓါတ်ပုံပညာနဲ့ ဖန်တီးထားခြင်းမဟုတ်ပါဘူး ။

သဘာဝတရားကို လေးစား ချစ်ခင်မြတ်နိုးပါ ။ တန်ဖိုးထားပါ

Sunday, July 7, 2013

ယုံချင်ယုံ မယုံချင်နေ


ယုံချင်ယုံ မယုံချင်နေ...

South China Sea ဟာ ကမ္ဘာပေါ်မှာ
မုန်တိုင်းအန္တ၇ယ်အများဆုံးနှင့် ကြောက်စ၇ာအကောင်းဆုံးပင်လယ်ပြင်တစ်ခုပါ။
တစ်နေ့တော့ Sea Angel ဝေလငါးဖမ်းသဘော်ဟာ အဲဒီတောင်တ၇ုတ်ပင်လယ်ပြင်မှ
ဝေလငါးအုပ်စုကိုလိုက်၇င်း ပြင်းထန်တဲ့မုန်တိုင်းနှစ်ခုကြားေ၇ာက်၇ှိသွားပြီး ၀မ်းကွဲနှစ်မြုတ်သွားပါတော့တယ်။သဘော်သားအယောက် ၃၀ ထဲကမှ ကပ္ပတိန် နဲ့ ကျန် ၄ ယောက်ဟာ သဘော်မနှစ်မြုပ်မီ ငါးဖမ်း၇ာမှာသုံးတဲ့ဖော့တုံးကြီးတွေမှာ သူတို့
၇ဲ့ လက်တွေကို ခိုင်ခံ့အောင်၇စ်ပတ်ထားနိုင်ခဲ့တာကြောင့် မုန်တိုင်းစဲသွားချိန်မှာ ကံအားလျှော်စွာ အုပ်စုမကွဲ အသက်၇ှင်ကျန်ခဲ့ကြတယ်။
မကြာမီမှာပဲ ကံတ၇ား၇ဲ့ဖေးမမှု့ကြောင့် စိမ်းစိမ်းညို့ညို့ ကျွန်းငယ်လေးတစ်ခုကို သူတို့နဲ့ မနီးမဝေးမှာ ဘွားခနဲတွေ့လိုက်၇တယ်။ခြေကုန်လက်
ပန်းကျအောင်ကူးခပ်ပြီးနောက် ကျွန်းလေးပေါ်ေ၇ာက်လာတဲ့ သူတို့အုပ်စုဟာ အ၇ိုးကွဲ
လောက်အောင်အေးလှတဲ့ ပင်လယ်လေကိုအံတုနိုင်ဖို့ ၇၇ာသစ်၇ွက်ခြောက်တွေနဲ့ မီးဖို
လေးတစ်ခုအမြန်ဖိုကြတယ်။
မီးအ၇ှိန်လေး၇လာတဲ့အချိန်မှာပဲ ကျွန်းလေးဟာ ၇ုတ် တ၇က် သွက်သွက်ခါတုန်ခါသွားပြီးေ၇မှုန်ေ၇မွှားတွေဖွားခနဲ ပန်းထွက်လာတော့
တယ်။သူတို့အုပ်စုလည်း ကျွန်းလေးပေါ်က တလိမ့်ခေါက်ကွေး ပင်လယ်ထဲကို
ပြုတ်ကျသွားကြတယ်။
သူတို့ခဏတာကွန်းခိုခဲ့တဲ့ကျွန်းလေးကတော့ '၀ုန်း' ခနဲ ပင်လယ်ထဲကိုနစ်မြုပ်ပျောက်ကွယ်သွားတယ်။အလန့်တကြား မှင်သက်မိနေတဲ့
သူတို့အုပ်စု ငေးကြောင်ကြည့်နေစဉ်မှာပင် နှစ်မြုပ်ပျောက်ဆုံးသွားတဲ့ကျွန်းလေးဟာ
အတော်ဝေးဝေး တစ်နေ၇ာမှာေ၇မှုန်ေ၇မွှားတွေ တဖွားဖွားမှုတ်ထုတ်ပြီး 'အုန်း' ခနဲ
ပြန်ပေါ်လာပြီးေ၇အောက်ကိုပြန်လည်ငုတ်လျှိုးသွားပြန်တယ်။ ပေါ်လိုက်ပျောက်လိုက်နဲ့ တဖြေးဖြေးဝေးသွားတဲ့ကျွန်းလေးကို ကြည့်၇င်းသူတို့နားလည်လိုက်တာက ဒါအ
လွန်အင်မတန်ကြီးတဲ့ဝေလငါးကြီးဆိုတာပါပဲ။သူတို့တွေကို ပင်လယ်ကူးသဘော်ကြီး
တစ်စင်းကတွေ့၇ှိကယ်တင်ပြီး မိခင်နိုင်ငံကိုပြန်ေ၇ာက်တဲ့အခါမှာတော့ ဒီသတင်းဟာ
ကမ္ဘာအနှံကို ပျံ့နှံသွားပါတော့တယ်။
နောက်ဆုံးမှာတော့ ဂျပန်နိုင်ငံအခြေစိုက် အဏ္ဏ၀ါဗေဒ သုတေသနဌာနမှ သိပ္ပံပညာ၇ှင်တွေဟာ အဆိုပါဝေလငါးကြီးကို တွေ့၇ှိဓါတ်ပုံ၇ိုက်
မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အောက်မှာ ဓါတ်ပုံကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။
( သူငယ်ချင်းတိုေ၇ ယုံ-မယုံ......လွတ်လပ်စွာသဘောထားကွဲလွဲခွင့်၇ှိပါသည် )

Saturday, June 22, 2013

ဟာသများ

နေရာ ... စိတ္တဇဆေးရုံ>
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
  နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
  ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
  လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

  နောက်တစ်နေ့ ....
  နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
  ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
  လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
  ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
  ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
  မစားချင်ဘူးလားကွ" ဟူတည်း။


 ဟာသ(၂)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့
အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်
 ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့
 အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က
 နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က
 နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ကောင်လုပ်တဲ့အတွက်" လို့
 ပြောလိုက်သတဲ့။

 ဟာသ(၃)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
  နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
  ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
  ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
  ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
  လူနှစ်ယောက်ပျော်ရမယ်"
  တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
   ပျော်ရမယ်"
  သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
  ပြောလိုက်သတဲ့...
  "အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့
  လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။


ဟာသ(၄) 
တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
  ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
  ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
  မေးကြတော့တာပေါ့။

  ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။

  `ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
  စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က
  ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

  `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
  ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
  တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
  ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။

  ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
  `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ
  ငိုပြန်ပါလေရော။

  နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
  သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
  `ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။

  မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။

  `ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။

 

ထူးထူးဆန်းဆန်း

၂၀၀၇ ခုနှစ် မေလ ၊ မက်ဆီကန် လယ်ကွင်းထဲတွင်တွေ့ရသော ပုတ်သင်သဏ္ဍန် ဂြိုလ်သား



Friday, June 21, 2013

လူသားတို့၏ခန္ဓာကိုယ်သည် အံ့သြဖွယ်စွမ်းရည်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ထိုစွမ်းရည်များထဲမှ တစ်ခုသည် နာမကျန်းဖြစ်နေ ပြီဆိုပါက ထိုအကြောင်းကို ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုခုက ပြသနေတတ်ခြင်းပင်ဖြစ်သည်။ နံနက်ခင်းမျက်နှာသစ်ပြီးစအချိန်တွင် လူသားတိုင်း တစ်ကြိမ်တော့ မှန်ကြည့်မိတတ်ကြပါသည်။ ထိုအချိန်မျိုးတွင် အချိန်အနည်း ငယ်မျှပေး၍ ကြေးမုံပြင်တွင်ထင်ဟပ်နေသော မိမိတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းပုံရိပ်များကို ကြည့်ရှုစစ်ဆေးပေးခြင်း ဖြင့် ကျန်းမာရေးယိုယွင်းလာမှု၏ အစောပိုင်းလက္ခဏာများကို သိမြင် လာနိုင်သည်ဟု ကျန်းမာရေးဆိုင်ရာပညာရှင်တို့ ဆိုကြ ပါသည်။ ထိုအချိန်မျိုးတွင် မိမိခန္ဓာကိုယ်မှ- (၁)လက်သည်း (၂)ချိုင်း (၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် (၄)ဦးရေပြား (၅)ဝမ်းဗိုက် (၆)လျှာ (၇)မျက်စိ တို့ကို ကြည့်ရှုစစ်ဆေးသင့်ကြောင်း ပညာရှင်တို့အကြံပြုထားပါသည်။
(၁) လက်သည်း။ လူသားတို့၏အရေပြားတွင် ခုံးထနေသောမှဲ့များ တွေ့ရတတ်ပါသည်။ ထိုမှဲ့များသည် အရေပြား ကင်ဆာ၏ ရှေးဦးသင်္ကေတဖစ်နိုင်ပါသည်။ မှဲ့ကင်ဆာသည် လက်သည်း၏အောက်ဖက်တွင်လည်း ဖြစ်ပွားနိုင်ပါသည်။ လက်သည်းပေါ်မှ အဝါရောင်၊ အညိုရောင်၊ အမည်းရောင်အစင်းများသည် အရေပြားကင်ဆာ၏ ရှေးဦး ပုံရိပ်ဖြစ် နေတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအစင်းများသည် မှဲ့ကင်ဆာကြောင့် ဆဲလ်များထိခိုက်ပျက်စီးရာမှ ဖြစ်ပေါ်လာတတ်သာကြောင့်ဖြစ်သည်။ မှဲ့ကင်ဆာသည် အရေပြားကင်ဆာများ ထဲတွင် အသေအပျောက်အများဆုံးသောရောဂါ ဖြစ်သည်ဟု နယူး ယောက် စီးတီးမှ အရေပြားအထူးကုဒေါက်တာ အေရီအော့စတိ က ဆိုပါသည်။ သို့ရာတွင် စောစီးစွာသိရှိကုသနိုင်ပါက ၉၅ရာခိုင်နှုန်းမှာ ပျောက်ကင်းနိုင်ပါသည်။ ထို့ကြောင့် လက်သည်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အထက်ပါအချက်များကို စောစီးစွာ သိနိုင်မည်ဖြစ်သည်။ လက်သည်းပေါ်တွင် အဖြူအစင်းများရှိနေပြီး ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခန္ဓာကိုယ်ကခံစားနေရပြီဆိုပါက သတိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် ကျောက်ကပ်များ လုပ်ဆောင်မှုအားနည်းရာမှ ဖြစ်ပေါ်လာတတ်သော သင်္ကေတဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထိုအဖြူစင်းများသည် ဆီးတွင်ပါသွားသော အသားဓာတ်များကို ကျောက်ကပ်က ပြန်လည်စုပ်ယူမထား နိုင်ခြင်းသင်္ကေတဖြစ်သည်ဟု ဒေါက်တာအော့စတိကဆိုပါသည်။ ဆိုလိုသည်မှာ ခန္ဓာ ကိုယ်သည် အသားဓာတ်ထိန်းသိမ်းထားနိုင်မှုထက် ဆုံးရှုံးမှုကပိုများနေကြောင်း၊ ကျောက်ကပ်များလုပ်ဆောင်မှု အားနည်း နေကြောင်းကို ညွှန်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့်ပြသကာ ဆီးစစ်ရန်လိုအပ်ကြောင်းညွှန်ပြနေသော အမှတ်အသား ဟု ဆိုရ မည်ဖြစ်သည်။
(၂) ချိုင်း။ တစ်ခါတရံ ချိုင်းတွင် ကြမ်းတမ်းသောအမည်းကွက်များ မြင်တွေ့ရလေ့ရှိပါသည်။ နေရောင်ဒဏ်ခံအဆီ သုတ်လိမ်းထားခြင်း ကြောင့်မဟုတ်ပါက ထိုသင်္ကေတသည် ဆီးချို၊ သွေးချိုရောဂါရှိနေခြင်း သင်္ကေတ ဖြစ်နိုင်သည်ဟု Web MD’s Chief Editor ဒေါက်တာ မိုက်ကယ်စမစ်က ဆိုပါသည်။သွေးထဲတွင် အင်ဆူလင်အမြောက်အများ ရှိနေခြင်းသည် အရေပြားဆဲလ်များကို လျင်မြန်စွာကွဲပြားစေပြီး တစ်ရှုးနှင့်မယ်လနင် ဓာတ်ဖြစ်ပေါ်နှုန်း မြင့်မားစေပါသည်။ ထိုအခါ အရေပြားသည် ကြမ်းတမ်းပြီး ပိုမည်းလာပါသည်။ အများအားဖြင့် ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံများတွင် အမည်း ကွက်များ တွေ့ရတတ်သည်ဟု ဒေါက်တာ မိုက်ကယ်စမစ်ကဆိုပါသည်။ ထို့ကြောင့် ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက် များတွေ့ရပါက ဆီးချို၊ သွေးချိုရောဂါရှိမရှိကို စစ်ဆေးသင့် ကြောင်း အကြံပြုပါသည်။ ဆီးချို၊ သွေးချိုရောဂါသည် ရောဂါ ဖြစ် ပွား နေကြောင်းကို အများအားဖြင့် မသိရှိကြသောရောဂါဖြစ်သည်။
(၃) မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်။ မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်တို့တွင် သေးငယ်ပျော့ပြောင်းသော အဖြူရောင် (သို့မဟုတ်) ဝါကျင်ကျင်အလုံးလေးများ တွေ့ရလျှင် သတိထားသင့်သည်ဟု ဒေါက်တာစမစ်ကဆိုပါသည်။ ထိုအလုံးကလေးမျာကိုလည်းတွေ့ရ၊ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်တွင် ကိုလက်စထရောပမာဏလည်း မြင့်တက်နေပါက အသက်အန္တရာယ်ရှိနိုင်သော နှလုံးရောဂါ၏ လက္ခဏာဖြစ်သည်။ ထိုလက္ခဏာကို သိရှိမြင်တွေ့ရပါက ကျွမ်းကျင်သူဆရာဝန် နှင့် တိုင်ပင် ဆွေးနွေးသင့်သည်ဟုလည်း ဒေါက်တာစမစ်က ဆိုထားပါသည်။
(၄) ဦးရေပြား။ ဦးရေပြားအရေခွံများ ကျွတ်နေသည်ကို တွေ့ရပါက ထိုလက္ခဏာသည် စိတ်ဖိစီးမှု၏လက္ခဏာဖြစ်သည်ဟု ဒေါက်တာစမစ်က ဆိုပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်မှ ကော်တီဆုန်း ဟော်မုန်းကို အများအပြားထွက် စေသည်။ ကော်တီဆုန်းဟော်မုန်း သည် ကိုယ်ခန္ဓာခုခံအားနှင် ဇီဝလုပ်ဆောင်မှုတို့ကို ပျက်ပြားစေသည့် အပြင် ဦးရေပြား ကို လည်း သွေ့ခြောက်စေသည်။ ဦးရေပြားသွေ့ခြောက် ပြီး အရေခွံများကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်း လျှော်ရည် များသုံးစွဲခြင်းဖြင့် ခေတ္တ ပျောက်ကင်းစေနိုင်သော်လည်း လုံးဝပျောက်ကင်းသက်သာစေရန်မူ ဝလင်စွာအိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ အလုပ်မှခေတ္တအနားယူခြင်းတို့ပြုလုပ်ရန် လိုအပ် ပါသည်။
(၅) ဝမ်းဗိုက်။ အမျိုးသမီးများတွင် ဆီးခုံအောက်ဖက်ပိုင်း၌ အမွေးနုများပေါက်လေ့ရှိသည်မှာ သဘာဝပင်ဖြစ်သည်။ သို့ရာတွင် အမွေးနုများ မဟုတ်ဘဲ အမွေးကြမ်းများ ဆီးခုံတစ်လျှောက်တွင်မကဘဲ ဝမ်းဗိုက်အပေါ်ထိပါပေါက်လာပါက မျိုးဥအိမ်တွင် အရည်အိတ် များစွာ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း တက္ကဆက်ဆေးတက္ကသိုလ် သားဖွားနှင့်မီးယပ်ဌာန ဒေါက်တာ ပါမာလဘီရင်ကဆိုပါသည်။ ကျားဟော်မုန်း အများအပြားထုတ်လုပ်မှုကြောင့် သွေးဆင်း များခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းဗိုက်၊ မျက်နှာ၊ ရင်ဘတ်နှင့်နောက်ကျောများတွင် အမွေးကြမ်းများပေါက်ခြင်း တို့ဖြစ်ပေါ်တတ်ပါသည်။ ထိုရောဂါလက္ခဏာ များ ဖြစ်ပေါ်နေသော အမျိုးသမီး(၁ဝ)ဦးတွင် (၅)ဦးသည် မျိုးမပွားနိုင်ခြင်းနှင့် နှလုံးရောဂါကဲ့သို့သော ရောဂါအန္တရာယ်များ ကြုံတွေ့ရ တတ်ပါသည်။ ထိုလက္ခဏာများဖြစ်ပေါ်ပါက သားဖွားနှင့်မီးယပ်ဆရာဝန်နှင့် ပြသသင့်ပြီး ဟော်မုန်းပမာဏထိန်းညှိရန် လိုအပ် ပါသည်။
(၆) လျှာ။ လျှာသည် ပုံမှန်အရောင်အဆင်းမဟုတ်ဘဲ
အဖြူရောင် ဆေးသုတ်ထားသကဲ့သို့ ဖြူဆွတ်ဆွတ်ဖြစ်နေပါက အိပ်မော ကျနေစဉ် အတွင်း အစာအိမ်မှအစာများ နောက်ပြန်ဖိတ်စင်မှုကြောင့်ဖြစ်နိုင်သည် ဟု ဒေါက်တာဖရိုင်ဟိုမာကဆိုသည်။ ပုံမှန်အားဖြင့် အစာမျိုပြွန် အောက်ခြေရှိ တစ်ဖက်ပွင့်အဆို့ရှင်သည် အစာအိမ်အတွင်းသို့ ရောက်ပြီးသောအစာများကို  ပြန်မဖိတ်စင်အောင် ပြုလုပ်ပေးသည်။ ထိုအဆို့ရှင်မလုံသောအခါ အစာခြေအက်ဆစ်များ ခံတွင်း ဘက်သို့နောက်ပြန်ဖိတ်စင် သော ကြောင့် လည်ချောင်းကွဲပြီး လျှာမှာ လည်း အက်ဆစ်များဖြင့် ဖုံးအုပ်နေကာ အဖြူရောင်ဖြစ်၍ ခံတွင်းနံ့ လည်း ဆိုးရွား နေ ပါလိမ့်မည်။ ထိုရောဂါလက္ခဏာကို ပျောက်ကင်းစေရန် အက်ဆစ် ပြေဆေးသောက်သုံးခြင်း၊ (သို့မဟုတ်)အက်ဆစ် များ သော အစား အစာ၊ ပူစပ်သောအစားအစာတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသနိုင်ပါသည်။ မသက်သာပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပြီး ခန္ဓာကိုယ် အတွင်းမှ အက်ဆစ်ထုတ်လုပ်မှုလျှော့ချရန်ဆေးဝါးများ သောက်သုံးသင့်ပါသည်။
(၇) မျက်စိ။ တစ်ခါတစ်ရံတွင် ရုတ်တရက် မျက်ကွင်းညိုလာတတ်ပါသည်။ မျက်ကွင်းညိုရခြင်းတွင် အကြောင်းအရင်းများစွာရှိ တတ်ပါသည်။ ညဥ့်နက်သန်းခေါင်တိုင်အောင် အလုပ်လုပ်ရသောအခါတွင်လည်း မျက်ကွင်းညိုတတ်ပါသည်။ ထိုသို့မဟုတ်ပါလျှင် ရုတ်တရက် မျက်ကွင်းညိုလာမှုသည် ဓာတ်မထည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ လူ့ ခန္ဓာကိုယ်သည် ဓာတ် မတည့်ပစ္စည်းနှင့် တွေ့ဆုံပါက ဟစ္စတမင်းဟူသည့် ဓာတုပစ္စည်းတစ်မျိုးထွက်ရှိပါသည်။ ထိုဓာတုပစ္စည်းသည် သွေးကြောများကို သွေးနှင့်အခြားအရည်များဖြင့် ဖောရောင်စေပြီး အရေပြား၏ အပါးလွှာဆုံးနေရာတွင် အမည်းကွက်များ ဖြစ်ပေါ်စေပါသည်။ ထိုသို့ မျက်ကွင်းညိုလာပါက အရေပြားဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်းဖြစ်စေသော ဓာတ်မတည့်သည့်ပစ္စည်းကို သိရှိကုသနိုင်ပါသည်။ တစ်ခါတစ်ရံတွင် မျက်သားအဖြူပေါ်၌ အနည်းငယ် ကြွတက် နေသော အဖုလေးတွေ့ရတတ်ပါသည်။ သာမန်အားဖြင့် အန္တရာယ်မရှိသော မျက်သားတက်ခြင်းဖြစ်နိုင်ပါသည်။ နေရောင်၊ လေ၊ ဖုန်မှုန့်များ ကြောင့် ဆက်သွယ်တစ် ရှုး များ အလွန်အမင်းကြီးထွားလာခြင်းဖြစ် သည်ဟု မျက်စိအထူးကုဒေါက်တာ ထရေစီဂိုးစတိန်းက ဆိုပါသည်။ ထိုအဖုလေး ဆက်လက်ကြီးထွားမလာစေရန် မျက်စိစိုစွတ် နေစေမည့် မျက်စဉ်းကို အသုံးပြုရမည်ဖြစ်ပြီး အပြင်ထွက်လျှင် နေကာ မျက်မှန် တပ်ရန် လိုအပ်ပါသည်။ နံနက်ခင်းမျက်နှာသစ်ပြီးချိန်တိုင်းတွင် မျက်ခုံးမွေးနှုတ်ရုံ၊ ဝက်ခြံညှစ်ရုံသာမပြုလုပ်ဘဲ မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များကို ရှာ ဖွေကြည့်နိုင်ကြပါစေ။